နေတိုးအဖွဲ့ အနှစ်(၇၀) ပြည့်အခမ်းအနား လန်ဒန်မှာ ကျင်းပမယ်

၃ ဒီဇင်ဘာ

 

နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉ နိုင်ငံက ခေါင်းတွေဟာ အနှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို လန်ဒန်မြို့မှာ ဒီကနေ့ (အင်္ဂါနေ့)မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ နေတိုးအဖွဲ့အတွင်း ညီညွတ်ကြဖို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဆော်သြလိုက်ပါတယ်။

 

နေတိုးအစည်းအဝေးကို တက်ရောက်မယ့် အဖွဲ့ဝင်နိုင်ငံ ၂၉ ဦးထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း ပါဝင်ပါတယ်။ အစည်းအဝေးပွဲမှာ အသုံးစရိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာနဲ့အတူ ရုရှားနိုင်ငံနဲ့ ဘယ်လိုမျိုး ဆက်ဆံမလဲ ဆိုတာတွေကို ဆွေးနွေးဖို့ရှိပါတယ်။ ထရန့် သမ္မတဖြစ်လာကတည်းက နေတိုးအဖွဲ့အတွင်းမှာ တင်းမာမှုတွေ ဖြစ်လာပါတယ်။ ထရန့်က ဥရောပရှိနေတိုး အဖွဲ့ဝင်နိုင်ငံတွေဟာ အဖွဲ့အတွက် လုံလောက်တဲ့ အလှူငွေမထည့်ခြင်း ကို ဆက်တိုက် ပြစ်တင်ခဲ့ပါတယ်။ 

 

ပြီးခဲ့တဲ့လက ပြင်သစ်သမ္မတ မက်ကွန်းက နေတိုးအဖွဲ့ဝင်တွေဟာ အရေးကြီးတဲ့ ကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိတဲ့အတွက် နေတိုးရဲ့ဦးနှောက်က သေဆုံးပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

 

အမေရိကန်သမ္မတ ထရန့်ဟာ တနင်္လာနေ့မှာ လန်ဒန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဘက်ကင်ဟမ်နန်းတော်မှာ ပြုလုပ်မယ့် ဘုရင်မကြီးရဲ့ ညစာစားပွဲကို အင်္ဂါနေ့ညနေပိုင်းမှာ သမ္မတထရန့်တက်ရောက်မှာဖြစ်ပါတယ်။ ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိသလို နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

 

နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးက ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ရဲ့ မဟာမိတ်မဟုတ်တဲ့ နိုင်ငံတွေဟာ ၂၀၂၀ အရောက်မှာစစ်ရေးအတွက် အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုပြောကြားချက်ဟာ ၂၀၁၈ ခုနှစ်က နေတိုးအစည်းအဝေးပွဲမှာ ဒေါသထွက်ခဲ့ သမ္မတထရန့်ကို စိတ်ကျေပ်နပ်စေမယ့်အရာလို့ ဆိုရမှာပါ။

 

MDN

ကိုးကား- AFP