နေပြည်တော်တွင် Diamond Dragon Co., Ltd က စားသုံးဆီများ လှည့်လည်ရောင်းချ

နေပြည်တော် ဩဂုတ် ၁၂

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် Diamond Dragon Co., Ltd က ဘူးသွင်းဆီ(Consumer Pack) များကို နေပြည်တော်၌ ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ရောင်းချပေးခြင်းကို ဩဂုတ် ၁၀ ရက်က နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများတွင် လည်းကောင်း၊ ဩဂုတ် ၁၂ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)တွင် လည်းကောင်း ရောင်းချပေးခဲ့ပြီး နေပြည်တော်ရှိ ဝန်ကြီးဌာန ရုံးများ၊ စည်ပင်သာယာ ဈေးများ၊ ဝန်ထမ်းအိမ်ရာများ၊ မြို့နယ်၊ ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)