နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် တန်-၁၀၀ ကျော် ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၅ မှ ၂၁ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့ လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၇ ဒသမ ၇၅၉၂)တန်၊ သစ်မာ (၂၈ ဒသမ ၅၈၉၃)တန်၊ အခြား (၃၅ ဒသမ ၁၆၈၈)တန်၊ စုစုပေါင်း (၁၀၁ ဒသမ ၅၁၇၃)တန်၊ တရားခံ (၅၃)ဦး၊ ယာဉ်/ယန္တရား (၂၅)စီး ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

(သတင်းစဉ်)