နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိခြင်း စာရင်းချုပ်

နေပြည်တော် ၅ ဇွန် 
    

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၃၈ ဒသမ ၈၄၈၉)တန်၊ သစ်မာ (၁၅၄ ဒသမ ၂၂၄၄)တန်၊ အခြား (၅၃၈ ဒသမ ဝ၃၁၉)တန် စုစုပေါင်း (၈၃၁ ဒသမ ၁၀၅၂)တန်၊ ပြစ်မှုကျူးလွန်သူ (၇၆)ဦး၊ ယာဉ်/ယန္တရား(၄၇)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


မောင်လူမော် 

 

sfe3