နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ပေါင်းလောင်းချောင်းဘေးရှိ ရေခေါ်မြောင်း၊ ရေယူအဆောက်အအုံနှင့် ရေစက်ရုံလျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၀

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် သည်  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျည်တောင်ရွာအနီး ပေါင်းလောင်းမြစ်ဘေးရှိ ပေါင်းလောင်းရေပေးရေးစီမံကိန်းမှ ရေခေါ်မြောင်း၊ ရေယူအဆောက်အအုံနှင့် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက် စစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော် ဝန်က ယခုတည်ဆောက်ပြီးစီးသည့် လုပ်ငန်းများသည် နေပြည်တော်တိုးချဲ့ရေပေးဝေရေး (ပေါင်းလောင်း)စီမံကိန်း၏အစ ပထမဆုံး အခြေခံကျသည့် လုပ်ငန်းဖြစ်သည့်အတွက် စနစ်တကျဖြင့် ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်နိုင်မှသာ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ သက်ဆိုင်ရာကုမ္ပဏီများမှ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် ဆက်လက်ဆောင်ရွက်ရန်လိုသည့် အပြီးသတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်