နေပြည်တော် ဧပြီ ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၇ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၁ ဒသမ ၅၅၇၄) တန်၊ သစ်မာ (၁၃ ဒသမ ၈၄၇၄) တန်၊ အခြား (၁၄၀ ဒသမ ၆၈၈၆) တန်၊ စုစုပေါင်း (၁၉၆ ဒသမ ၀၉၃၄) တန်၊ ယာဉ်/ ယန္တရား (၁၉) စီး၊ တရားခံ (၂၉) ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်တော်ဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)