နေပြည်တော်၊ ဧပြီ ၂၅

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာ များသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိရာ ယနေ့တွင် နှစ်ဆယ့်ခြောက်ရက်မြောက်နေ့အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိသည်။

 

၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်မှ ယနေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာန ဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံ ဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက် အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ပါ (မနောသုခ-Export Quality) ၉၅၂၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၁၉၃ အိတ်၊ ဆီ ၂၅၉၇၀ ပိဿာ၊ ဆား ၁၄၄၄ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၅၀၁၄ ထုပ်၊ ငါးပိ ၂၄၁ ပိဿာ၊ ငါးကြင်း ၄၅ ပိဿာ၊ ငါးတန် ၄၀ ပိဿာ၊ ငါးမုတ် ၃၀ ပိဿာ၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင် ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲခြောက်များ၊ ငါးရောင်ခြောက်များ၊ ကြက်ဥ၊ ဘဲဥများနှင့် ခေါက်ဆွဲခြောက်ထုပ်များကိုလည်း ရောင်းချပေးခဲ့သည်။

 

ထို့အတူ စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၂၈၃ အိတ်၊ စားအုန်းဆီ ၄၅၆၅ ပိဿာ၊ ဆား ၄၆ ပိဿာ၊ ကုလားပဲ (၂၀)ကျပ်သားပါ ၂၃၅ ဘူး၊ ငါးပိ ၁၅ ပိဿာ၊ ကြက်သွန်နီ ၅၂၇ ပိဿာ၊ အသားတု ၂၂ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၅၁၅ အိတ်၊ စားအုန်းဆီ ၄၆၂၀၀ ပိဿာ၊ ဆား ၄၅ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၇၄ ထုပ်၊ ငါးပိ ၁၈ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)