နေပြည်တော် ဗုဒ္ဓဂါယာဘုရား၌လည်း ဘုရားဖူးများစည်ကားလျက်ရှိ

နေပြည်တော်  ၁၁ ဖေဖော်ဝါရီ 

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဗုဒ္ဓဂါယာဘုရားသို့ ရုံးပိတ်ရက်(၃)ရက်၏ ဒုတိယနေ့ဖြစ်သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ရောက်ရှိ စည်ကားလျက်ရှိသည်။

 

 

 ပုံမှန်ရက်များ၌ တစ်ရက်လျှင် ဘုရားဖူးများ (၂၀ဝ၀)ကျော်မှ  (၃၀ဝ၀)ကျော်ခန့်ထိ လာရောက်ဖူးမြော်လေ့ ရှိကြပြီး၊  နေ့ကြီးရက်ကြီးများနှင့် ယခုကဲ့သို့ ရုံးပိတ်ရက်များတွင် လူဦးရေ(၈၀ဝ၀)ကျော်မှ (၉၀ဝ၀) ကျော်ခန့် အထိ ပိုမိုစည်ကားရွာလာရောက်ဖူးမြော်လေ့ရှိကြောင်း ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးလှမြင့်၏ ပြောကြား ချက်အရသိရသည်။ 

 

 

(MDN)