နွေစပါးနှင့် နွေအခြားသီးနှံများ စီမံကိန်းတာဝန် ပေးအပ်ပွဲကျင်းပ

ဝက်လက် ၁၅ ဇန်နဝါရီ  


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့တွင် နွေစပါးနှင့် နွေအခြားသီးနှံများ စီမံကိန်းတာဝန်များ ပေးအပ်ပွဲကို  ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ် စီမံခန့်ခွဲမှူးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


အခမ်းနားတွင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် က စီမံကိန်းဧက ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေး၊ ရောဂါပိုးကင်းစင်ရေး အသိပညာပေးဟောပြောပြီးနောက် မြို့နယ် ဆည်မြောင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်မှ သဖန်းဆိပ်ဆည် ရေပေးဝေမည့် အစီစဉ်များကို  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စီမံကိန်းတာဝန်များကို မြို့နယ်စီမံခန့်ခွဲမှူးကာ်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်  စီမံခန့်ခွဲမှူး ကော်မတီဝင်များက စီမံကိန်တာဝန်များ အသီသီး ပေးအပ်ခဲ့ကြောင်း သိရသည်။


(စိုးစိုးလှိုင်)