လှိုင်းဘွဲ ၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ရေလှောင်တမံဆည်ရေမှ နွေစပါးစိုက်ခင်းများအတွက် စပါးအောင်ရေရရှိစေရန်အတွက် ဆည်ရေများကို နွေစပါးစိုက်တောင်သူများ၏ လယ်ယာမြေအရောက် ဆည်ရေများကို   ပေးပို့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ နောင်သငဲ့၊ သမ္ဘာန်၊ ထီလုံ၊ သပုထို စသည့် ကျေးရွာအုပ်စုများ၌ နွေစပါးအဖြင့် ဆင်းသုခစပါးမျိုးကို သီးထပ်စပါးအဖြစ် တောင်သူများက ရေဘုတ်ဆည်မှ စုစုပေါင်းစိုက်ဧက (၁၀၅) ဧကကျော်ကို စိုက်ပျိုးလုပ်ကိုင် လျှက်ရှိကြပြီး အချို့တောင်သူများက စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်သီးနှံများ၊ ပဲမျိုးစုံ၊ နွေဖရဲနှင့် နှစ်ရှည်အပင်များဖြစ်ကြသည့် ကျွန်း၊ မန်ဂျန်ရှား၊ ပိုက်ဆံလျှော်၊ ဘုရားပန်း၊ အလှပန်း၊ သီးပင်၊ စားပင်ပျိုးဥယျာဉ်အပင်များအတွက် ဆည်ရေကိုအသုံးပြု၍ ပြုစုပျိုးထောင်စိုက်ပျိုးလုပ်ကိုင် နေလျှက်ရှိကြသည်။

ရေဘုတ်ရေလှောင်တမံတူးမြောင်းမကြီးသည် တူးမြောင်းအလျား ပေ  ၃၃၀၀၀ (၆ ဒဿမ ၂၅)မိုင်ရှိပြီး အောက်ခြေအကျယ်(၅ ဒဿမ ၅)ပေ၊ ရေထုစီးနှုန်း(၇၂)ကုဗပေ/စက္ကန့်၊ အကျိုးပြုဧရိယာ ဧက  (၁၅၀၀) ဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း ဆည်ရေသောက်စနစ်အပြင် သဘာဝရေဝင်၊ စိမ့်စမ်းရေ၊ တောင်ကျရေနှင့် ရေဝေ၊ ရေလဲဧရိယာများ၌ နွေစပါးအဖြင့် စကမုရင်း၊ မုရင်း၊ သီးထပ်၊ ရေကျနောက်စိုက်စပါးများကို ဒေသတွင်းနေတောင်သူများက မိသားစုစားဝတ်နေရေးအတွက် နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားချက်စာရင်းမှာ (၁၉၁၂၉) ဧကဖြစ်ပြီး၊ စိုက်ဧကမှာ (၁၉၁၈၅) ဧကရှိကြောင်း၊ နွေစပါးရိတ်သိမ်းပြီးဧကမှာ (၁၈၇၅၆) ဧကရှိပြီးဖြစ်ကြောင်း ၊ မိုးစပါးစိုက်ပျိုးဧကမှာ (၁၂၀၇၉၃)ဧကရှိခဲ့ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)