နေအိမ်အတွင်းဝင်ရောက်၍ ဖုန်းခိုးသူအား ဖမ်းမိ

ဝမ်းတွင်း  ၆ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တောင်ဇချမ်းကုန်း ကျေးရွာတွင် နေအိမ်အတွင်း ဝင်ရောက်ကာ ဖုန်းခိုးယူသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က အဆိုပါကျေးရွာနေ ဦးလှဘူး(၄၉)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ထိုနေ့မနက်ပိုင်းတွင် ၎င်း၏နေအိမ်ရှေ့ အဖီထဲတွင် အိပ်သော တပည့်ဖြစ်သူ ကျော်နိုင်ဦး(၂၁)နှစ်သည် နံနက် ၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် နေအိမ်ရှေ့အဖီထဲ၌ အိပ်ပျော်နေစဉ် ၎င်း၏အိပ်ယာဘေးတွင် ထားသော MI အမျိုးအစား ဖုန်းတစ်လုံး ပျောက်ဆုံးသွားကြောင်း ဦးလှဘူးထံသို့ လာရောက်အကြောင်းသဖြင့် ဦးလှဘူးမှ နေအိမ်တွင်ထားသော CCTV မှတ်တမ်းများအား ကြည့်ရာ ကျော်နိုင်ဦး(၂၁)နှစ်၏ ဖုန်းအား ခိုးယူသွားမှာ လျှော်ပင်ကျေးရွာနေ မျိုးမင်းစိုး (၂၆) ဖြစ်ကြောင်း သိရှိခဲ့ရသည်။


ဦးလှဘူးမှ နေအိမ်အတွင်း ဝင်ရောက်ခိုးယူခဲ့သူ မျိုးမင်းစိုးအား ဝမ်းတွင်းမြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ၎င်းအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဘိုဘို(မလှိုင်)