နောင်တရားဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကောင်းပြန်လည်ရရှိ

နောင်တရား ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင်ဂေါ်ဖီထုပ်များ ဈေးပြန်လည်ကောင်းမွန်လာခြင်းကြောင့် ကော်ဖီထုပ်စိုက် တောင်သူများ စီးပွားရေးပြန်လည်အဆင်ပြေလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဂေါ်ဖီထုပ်မျိုးစေ့ တစ်ဘူးလျှင် ငွေကျပ် ၄၀၀၀၀၊ မြေထည်ခ တစ်နှာရီလျှင် ငွေကျပ် ၅၀၀၀၀၊ မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀၊ နွားခြေးအိတ် တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀ ရှိပြီး လုပ်သားခ တစ်ဦးလျှင် ငွေကျပ် ၆၀၀၀ မှ ၈၀၀၀ အထိ ဈေးပေါက်လျက်ရှိပြီး ဂေါ်ဖီထုပ် တစ်ဧကလျှင် ငွေကျပ် ၇၀၀၀၀၀ မှ ၁၀၀၀၀၀၀ အထိ ကုန်ကျလျက်ရှိသည်။ အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)