နောင်မွန်နယ်မြေရဲစခန်းရှိ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇူလိုင် ၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နောင်မွန်နယ်မြေရဲစခန်းမှ ရဲအုပ် စောနိုင် ဦးစီးသော တပ်ဖွဲ့ဝင်(၇)ဦးသည် ယနေ့ နံနက် ၉ နာရီတွင် နောင်မွန် တိုက်နယ် ပြည်သူ့ဆေးရုံ၌ ဇူလိုင်လအတွက် စုပေါင်းသွေးလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ရာ ဆေးရုံ တာဝန်ခံ ဆရာဝန်က သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ (ရဲပြန်ကြား)