နောင်ချိုနှင့် ကွမ်းလုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၀

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်  ညနေ ၃ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် ရဲဝင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ထက်ရှိုင်း မောင်းနှင်ပြီး ပိုင်ပိုင်စော လိုက်ပါလာသည့် ဆိုင်ကယ် ၂ စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ ရဲဝင်းအောင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံ မြို့နယ်၊ တုံကျက်ကျေးရွာအုပ်စု၊ တာပန်ချောက်ကျေးရွာအနီးတွင် လောဝူအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၃၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)