နောင်ချိုမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂   ဇွန် 

 

မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁ ရက် နံနက် ၈ နာရီတွင် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကိုလေး(ခ)အေးကို မောင်းနှင်ပြီး မအေးလုံ လိုက်ပါလာသည့် NISSAN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,ဝ၀ဝ၊ ဘိန်းစိမ်း ၁ ကီလို၊ ငွေကျပ် ၅၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ကိုရဲ)