နောင်ချိုမြို့မဈေး ဆိုင်ခန်းများ မီးလောင်မှုဖြစ်ပွား

နောင်ချို ၈ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့တွင် ဇွန် ၈ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က နောင်ချိုမြို့မဈေး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုကို ဈေးညစောင့် တာဝန်ထမ်းဆောင်နေသူမှ တွေ့ရှိခဲ့ပြီး ဈေးတာဝန်ခံ ဦးနေမျိုးအောင်ထံ အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဈေးတောင်ဘက်တန်းရှိ ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်()စီး၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် နာရီ မိနစ် ၄၀ တွင် မီးငြိမ်ခဲ့ကြောင်း သိရသည်။

 

26+5

 

အဆိုပါမီးလောင်မှုကြောင့် နောင်ချိုမြို့မဈေးရှိ ဆိုင်ခန်းပိုင်ရှင် ()ဦးပိုင်ဆိုင်သည့် ဆိုင်ခန်း(၁၂)ခန်း မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းအတွင်းရှိ ကုန်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး (၃၂၆၂၅၀၀၀) ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

နောင်ချိုမြို့မဈေးအား ပျက်စီးဆုံးရှုံးအောင် မီးရှို့ဖျက်ဆီးသူများအား စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)