နှစ်သစ်မှာ အိမ်ခြေရာမဲ့တွေကို လှူဒါန်းခဲ့တဲ့ ဘိုနို

ဗြိတိန်ရဲ့ ကျော်ကြားတဲ့ တေးသံရှင် တစ်ဦးဖြစ်သူ ဘိုနိုဟာ ဒီနှစ် ခရစ္စမတ်မှာတော့ အိမ်ခြေရာမဲ့ တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း စကိုင်းနယူးစ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

 

ကျော်ကြားတဲ့ တေးဂီတအဖွဲ့ "U2"ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘိုနို ဟာ ဂစ်တာပညာရှင် တစ်ဦးဖြစ်သူ အက်ဂ်ျနဲ့တွဲဖက်ကာ ခရစ္စမတ် အကြိုညမှာ ဒက်ဗလင်မှာ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ဘိုနိုက သူ့ရဲ့ ဂစ်တာအိတ်အတွင်းကို အလှူငွေထည့်ကြဖို့ ပရိသတ်တွေကို တောင်းဆိုပြီး အိမ်ခြေရာမဲ့တွေ အတွက် လှူဒါန်းပေးဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကောက်ခံ ရရှိခဲ့တဲ့ ငွေတွေကို အိမ်ခြေရာမဲ့တွေ အတွက် နေအိမ်ဆောက်လုပ်ရာမှာ လှူဒါန်းသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့် -စုစည်းသည်