ပြည် မတ် ၂၄
၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ နှစ်သစ်အတာသင်္ကြန်ခါ ခေါင်းစဉ်ဖြင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲတွင် ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဝင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောသွဲ့သွဲ့မြင့်၊ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါ်ခင်ရွှေဝါဖူးတို့က ကျောင်းသား ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)


