နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးလုံခြုံရေး ဆောင်ရွက်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား စိစစ်ဆဲအဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ နယ်စပ်ခြံစည်းရိုးမှတ်တိုင် (၄၁)နှင့် (၄၂) အကြား နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ နယ်စပ်ခြံစည်းရိုးလုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် လှည့်ကင်းအဖွဲ့အား  ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင်  ခြံစည်းရိုး တစ်ဖက်ခြမ်း တစ်ဖက်နိုင်ငံဘက်ခြမ်းမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း၊  ဖြစ်စဉ်နေရာသို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အားထပ်မံ ဖြည့်တင်း၍ ပစ်ကူပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်တလောတွင် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား တစ်ဦးတွင် ဝဲနောက်ကျောမှ ကျည်ဖောက်ဝင်၍ ရှေ့ဝမ်းဗိုက်ဝဲဘက်ဖောက်ထွက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိထားကြောင်  ကနဦးသတင်းရရှိသည်။

 
(သတင်းစဉ်)