NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နိုင်ငံတော် တည်ဆောက်ရေးအတွက် အမြန်ဆုံးအတူတကွ ဝိုင်းဝန်းစုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဆန္ဒပြုလိုပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

စောစိန်ဝင်း [UPDJC အဖွဲ့ဝင် (DKBA)] က “ကျွန်တော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ သွားလာနေထိုင်မှု၊ လုပ်ကိုင်စားသောက်မှု အခွင့်အလမ်း ပွင့်လင်းလာတယ်လို့ သုံးသပ်မိပါတယ်။ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နိုင်ငံတော် တည်ဆောက်ရေးအတွက် အမြန်ဆုံးအတူတကွ ဝိုင်းဝန်းစုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဆန္ဒပြုလိုပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN