နေပြည်တော် မတ် ၁၅
နှစ် (၈၀) မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) က ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းသား၊ အသင်းသူ ၈၀ သည် ယနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) ဗဟိုဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ တာ၀န်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
