နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ

နေပြည်တော် ၂၈ ဧပြီ

 

ဖြစ်ပွားရခြင်း အကြောင်းအရင်းများ

ဆေးလိပ်သောက်ခြင်း

တခြားသူသောက်သော ဆေးလိပ်ငွေ့ကို တဆင့်ခံရှူရှိုက်ရခြင်း

အိမ်တွင်း၊ အိမ်ပြင် လေထုညစ်ညမ်းခြင်း (မီးခိုးငွေ့၊ ဖုန်မှုန့်၊ အငွေ့မျိုးစုံ)

အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ဥပါဒ်ဖြစ်စေသော လုပ်ငန်းခွင်ဆိုင်ရာ အခဲ၊ အရည်၊ အငွေ့ပစ္စည်းများကို ကိုင်တွယ်ရှူရှိုက်ထိတွေ့ခြင်း

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများ

ရေရှည်ချောင်းဆိုးခြင်း

မောပန်းလျှင် ရွှီရွှီမြည်ခြင်း

ချွဲသလိပ်များခြင်း

ရောဂါရင့်လျှင် လှုပ်ရှားလိုက်သည်နှင့် မောခြင်း

ပန်းနာရင်ကျပ်ရောဂါကဲ့သို့ ဖြစ်လိုက်ပျောက်လိုက်မဟုတ်ဘဲ နာတာရှည်ခြင်း

ကာလကြာလျှင် နှလုံးပါထိခိုက်ခြင်း

ကာကွယ်ကုသရေးနည်းလမ်းများ

ဆေးလိပ်ဖြတ်ပါ။

လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးပါ။

ဖုန်၊ အမှုန့်၊ မီခိုး၊ အငွေ့များကို တတ်နိုင်သလောက်ရှောင်ရှားပါ။

ရောဂါဖြစ်လာလျှင် နားလည်တတ်ကျွမ်းသူများထံ စောစီးစွာပြသကုသပါ။

ညွှန်ကြားသောဆေးဝါးများကို ပုံမှန်သုံးစွဲပါ။

လိုအပ်လျှင် အောက်ဆီဂျင်ကုထုံးခံယူပါ။

ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်ပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN