နွားထိုးကြီးမြို့နယ်၌ လက်ပစ်ဗုံး ၁ လုံးတွေ့ရှိ

နေပြည်တော် ၁၃ ဇွန် 


    
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ခပ်လန်ကျေးရွာနေ ကျော်ခိုင်(၂၈)နှစ်သည် ဇွန် လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဆိတ်ကျောင်းနေစဉ် မြောင်းမကြီးတောစပ်မြေသား လမ်းပေါ်၌ နာနတ်သီးပုံစံတူ လက်ပစ်ဗုံး (၁) လုံး(စနက်တံပါ)အားတွေ့ရှိကြောင်း အကြောင်း ကြားချက်အရ ပြင်စည်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 

အဆိုပါလက်ပစ်ဗုံးအား နယ်မြေခံတပ်ရင်းသို့ လွှဲအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

MDN