မြဝတီမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ 

မြဝတီ မေ ၂၈     

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက  မြဝတီ(၂) ကြိုးပြင်ကာကွယ်တော၊ အကွက်အမှတ်(၃) မဲကနယ်တိုးချဲ့ကွက်သစ်အနီး တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ 

အခမ်းအနားတွင်  မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးမည့်ပျိုးပင်များအား  ဖြန့်ဝေပေးသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ တာဝန်ရှိသူ အသီးသီးတက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား ပင် ၁၅၀၊ ကျွန်းပင် ၁၅၀၊  ပျဉ်းကတိုးပင် ၅၀၊ မဟောဂနီ ပင် ၅၀၊ ပိတောက်ပင် ၅၀နှင့် စိန်ပန်းပင် ၅၀ စုစုပေါင်း ပျိုးပင် ၄၀၀ တို့အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

ထိန်လင်းအောင်(ပြန်/ဆက်)