မူဆယ်မြို့နယ်အတွင်း မှန်လုံယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

မူဆယ် ၁၄  ဇွန်

 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်း ခရီးသည်တင် မှန်လုံယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

IMG_2019

 

ယနေ့ နံနက် ၉ နာရီခန့်က လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း ဇော်မင်းသိန်း မောင်းနှင်လာသည့် မူဆယ်သူ ခရီးသည်တင်မှန်လုံယာဉ်သည် မူဆယ်မြို့နယ်အတွင်း တုန်ခန်ကျေးရွာနှင့် နမ့်ခွမ်ကျေးရွာကြား မြကန်သာ စက္ကူစက်ရုံအနီး ပြည်ထောင်စုလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၂၇၈/၁ နှင့် ၂) ကြားအရောက် အရှိန်လွန်၍ လားရာတူ အဖြူရောင်ယာဉ်၏ နောက်အား ဝင်ရောက်တိုက်မိခဲ့ပြီး လမ်းဘယ်ဘက်ခြမ်းရှိ ရေမြောင်းကိုကျော်ကာ ကြံခင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် တစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ပြီး ခရီးသည် (၁၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ဖြစ်စဉ်ကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 

သန့်စင်(မူဆယ်)

 

e IMG_201