မုံရွာမြို့၌ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိ

မုံရွာ ဧပြီ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်နှင့် မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသားကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် သတ်မှတ်ထားသည့် မုံရွာမြို့ အမှတ်(၂) အခြေခံပညာကျောင်းတွင် စုစည်းခေါ်ယူ၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ပေးထားမှုတို့အား မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအတွင်းမှ စာရင်းရှိ ကျောင်းသားကျောင်းသူ (၁၃)ဦးအနက် (၅)ဦး ဖြေဆိုလျက်ရှိပြီး ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)