မုံရွာ၊ မြိတ်နှင့် မိတ္ထီလာ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၃

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းတောင် လမ်းထိပ်တွင် အာကာ(ခ)နိုင်ရဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၅ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်၊ သီရိလမ်းနေ မင်းသူ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မအိမွန်ကြည်(ခ)ပိစိနှင့် နေလနောင် တို့ကိုတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၁,၃၂၁ ပြား ကိုလည်းကောင်း၊ စက်တင်ဘာ ၁ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့နယ်၊ ပရည်တောင် ကျေးရွာအနီးတွင် နိုင်ထွန်းကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀  ကိုလည်းကောင်း၊ စက်တင်ဘာ ၂ ရက် ညနေ ၃ နာရီတွင် မိတ္ထီလာမြို့၊ ဝန်ဇင်း ရပ်ကွက် တွင် ရဲသွေးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ် ဆေးပြား ၅၆၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီခွဲတွင် မိတ္ထီလာမြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၇/၅)အနီးတွင် နေထူးအောင် မောင်းနှင်ပြီး မတင်နီလာဝင်း (ခ)မဘုတ် လိုက်ပါလာသည့် MITSUBISHI Pickup အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၈၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)