မုဒုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါအပိုထပ်ဆောင်း ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိ

မုဒုံ      စက်တင်ဘာလ  ၁၃

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အပိုထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုး စုရပ်များခွဲ၍ ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကိုမုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးစုရပ်(၁၅)နေရာခွဲ၍ ရပ်ကွက်များအလိုက် ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့တွင် ဆေးထိုးစုရပ်(၈)ခု၌ ကာကွယ်ဆေးထိုးနှံသူ (၅၀၆)ဦးရှိပြီး ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

 

မုဒုံမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ ၊ လူမှု ကူညီရေး အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သတ်မှတ်ဆေးထိုး အုပ်စုအလိုက် တစ်မြို့နယ် လုံး ကာကွယ်ဆေးလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးအဖွဲ့များခွဲ၍ အရှိန်အဟုန်မပျက် ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မုဒုံသူ