မုဒုံမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

မုဒုံ ဧပြီ ၁၃

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအကအဖွဲ့များက “မြူမှောင်ဝေကင်း” တေးသီချင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများ ဖျော်ဖြေခဲ့​ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အတာရေပက်ဖျန်း၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

မုဒုံမြို့နယ် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တေးချစ်သူ အဆိုဝါဒနာရှင်များဖြင့် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)