မုဒုံ   မတ်   ၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာများအတွင်း လမ်းနှင့် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၄၀၀ ဒသမ ၄၂၈ ဖြင့် နှီးပဒေါကျေးရွာ အနမ်းပင်လမ်း အရှည် ၁ ဒသမ ၁၇၃ ကီလိုမီတာ ၊ အကျယ် ၃ ဒသမ ၆၆ မီတာ ၊ ထု ၃၇၅ မီလီမီတာ ကတ္တရာလမ်းခင်းခြင်းကိုလည်ကောင်း၊ ဆက်သွယ်ရွာဟောင်း အဝင်လမ်း အရှည် ၁ ဒသမ ၆ဝ၉ ကီလိုမီတာ ၊ အကျယ် ၃ ဒသမ ၆၆ မီတာ ၊ ထု ၃၇၅ မီလီမီတာ ကတ္တရာလမ်းခင်းခြင်းကိုလည်ကောင်း၊ နိုင်လှုံ - ဂုံညင်းတန်း ကျေးရွာချင်းဆက်လမ်း အရှည် ၀ ဒသမ ၃၉၆ ကီလိုမီတာ ၊ အကျယ် ၃ ဒသမ ၆၆ မီတာ ၊ ထု ၃၇၅ မီလီမီတာ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့သည်။

ကျေးရွာများတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ကြီးကြပ်၍ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ သတ်မှတ်ကာလအတွင်း တည်ဆောင်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာများရှိ ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများအတွက် ပိုမိုလွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)