မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲကျင်းပ

တပ်ကုန်း ၂၆ ဒီဇင်ဘာ         

 

နေပြည်တော် တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၏ ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက်  ၉ နာရီက အဆိုပါ ကျောင်းဝင်အတွင်း ကျင်းပသည်။

 

အခမ်းအနားတွင် ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုနေအောင်ထွန်းက ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့ပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် ၁၉၇၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင်  တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားဆရာကြီး၊ ဆရာမကြီး (၉၂) ဦးအား ကျောင်းသား၊ ကျောင်းသူဟောင်းများက ဂါရဝပြုငွေများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပူဇော်ပြီး၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (ကိုယ်စား) ကျောင်းသားဟောင်း ကိုမျိုးမင်းက ကန်တော့ချိုးတိုင်ကြား၍ လက်အုပ်ချီကန်တော့ကြသည်။

 

1

 

ထို့နောက် ပင်စင်စားဆရာကြီး၊ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီးဦးအောင်မောင်၊ ဆရာမကြီး ဒေါ်နုနုဝင်းတို့က ဆုံးမဩဝါဒစကားများ ပြောကြားပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ရွှေဆုတောင်းသီချင်းဖြင့် ပင်စင်စားဆရာကြီး၊ ဆရာမကြီးများအား ထပ်မံပူဇော်ကန်တော့ကြရာ  မြတ်ဆရာပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေးကော်မတီ ဒု-ဥက္တဋ္ဌ ဦးသောင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်ပြီး တက်ရောက်လာသော ပင်စင်စားဆရာကြီး၊ ဆရာမကြီးများအား ဦးသောင်းထိုက်နှင့် ဒေါ်နီနီအောင် မိသားစုမှ ငွေသား (၁၈) သိန်းကို မဲဖောက်ခွဲဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)