မရမ်းကုန်းမြို့နယ်၌ Mobile စျေးကားများဖြင့် စားသုံးကုန်များ ရောင်းချ

ရန်ကုန် သြဂုတ် ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာ(၁) တွင် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက စားသုံးကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် Mobile စျေးကားများဖြင့် လာရောက် ရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချသည့် စားသုံးကုန်များမှာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လိုင်စင်စီရ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတိုဖြစ်ပြီး ကြက်သား တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့်၁၇ ပိဿာ၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် ပိဿာ ၄၀၊ ဆိတ်သား တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၀ နှုန်းဖြင့် ပိဿာ ၂၀၊ အမဲသား တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ နှုန်းဖြင့် ၁၅ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)