မရမ်းကုန်းမြို့နယ်၌ မီးခိုးမွှန်ပြီး အသက်ရှူကြပ်လာသဖြင့် ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဆေးကုသမှုခံယူ

နေပြည်တော် ၁၅ မေ    

 


မရမ်းကုန်းမြို့နယ်၌ မီးစက်မှထွက်သော မီးခိုးငွေ့များ ရှူရှိုက်မိ၍ အသက်ရှူကြပ်လာသဖြင့် ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

 


မေ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ “Educator English Language” ကျူရှင်၌ မီးပြတ်နေသဖြင့် မီးစက်နှိုးပြီး အခန်းတွင်းရှိ Air Con အားဖွင့်၍ စာသင်နေစဉ် အဆိုပါရပ်ကွက်နေ ဆရာမ ဒေါ်တင်နွယ်ဦး (၂၇)နှစ်ပါ ဆရာမ(၂)ဦး ကျောင်းသားကျောင်းသူ (၁၆)ဦး စုစုပေါင်း (၁၈)ဦးတို့မှာ မီးစက်မှထွက်သော မီးခိုးငွေ့များအား ရှူရှိုက်မိ၍ မီးခိုးမွှန်ပြီး အသက်ရှူကြပ်လာသဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် အသီးသီး ဆေးကုသမှုခံယူခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 


MDN