ရန်ကုန် ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၆ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်သို့ သွားရောက်၍ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ၊ ယောဂီသူတော်စင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် နဝကမ္မအလှူတော်ငွေတို့ကို ဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းသည်။

mdn

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကမ္ဘာအေးဘုရားလမ်း တစ်လျှောက်နှင့် ပါရမီလမ်းတစ်လျှောက် လမ်းဝဲ၊ ယာ မြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ မြောင်းများအတွင်းမှ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စင်္ကြံများ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်း ဆောင်ရွက်နေမှု၊ မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက်၊ ပါရမီလမ်းပေါ်ရှိ အင်းလျားကန် ရေဝင်ပေါက် ရေမြောင်းနှင့် ရေစစ်ကန် ပြန်လည်ပြုပြင် တည်ဆောက်ထားမှု၊ ရေစစ်ကန်အတွင်းမှ သဲမြေများ၊ နုန်းများနှင့် အမှိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ ရေစစ်ကန် သုံးကန်အကြား ရေဝင်ပေါက်မြောင်းတစ်လျှောက် ဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရေမြောင်း ဝဲ/ယာ  မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေစစ်ကန်အတွင်း ရေများပိုမိုသန့်ရှင်း ကြည်လင်စေရေး ဆောင်ရွက်ရန်မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း သစ်ရွက်ဆွေးမှ EM Bokashi မြေဩဇာထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ သဘာဝမြေဩဇာကို ဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်မြေဩဇာအစားထိုး EM Bokashi မြေဩဇာ ထုတ်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်