မန်ယူက လက်စတာစီးတီးကို တစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ရ

၄ ဇန်နဝါရီ

 

ပရီမီယာလိဂ်ပွဲစဉ်  ၂၅  အဖြစ်  လက်စတာစီးတီး အသင်းနဲ့  မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ   မန်ယူအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ပွဲကစားချိန် ၉ မိနစ်မှာသွင်းယူခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုလိုအနိုင်ရရှိခဲ့ခြင်းဟာ မန်ယူအသင်းနည်းပြ ဆိုးရှားအတွက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထား နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

မန်ယူအသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ  ၁၀  ဂိုးမြောက် သွင်းယူခဲ့တဲ့ သွင်းဂိုးဖြစ်ပြီး အခုနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ရမှတ် ၄၈ မှတ်အထိ စုဆောင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

 

မန်ယူအသင်းဟာ  နည်းပြ ဆိုးရှားလက်ထက်မှာ ဘန်လေအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေလဒ်ထွက်ပေါ်ခဲ့တဲ့ တစ်ပွဲသာလျှင် သရေပွဲဖြစ်ထားပြီး ကျန်ပွဲစဉ်တွေမှာ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

ငွေကြယ်