မန်ယူအသင်းနိုင်ပွဲဆက်စံချိန်ရပ်တန့်ခဲ့ပြီး မန်စီးတီးအသင်း ရှုံးပွဲကြုံတွေ့

၃၀ ဇန်နဝါရီ


ပရီမီယာလိဂ် ပွဲစဉ် (၂၄)ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်အသင်း အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့ပြီး မန်ယူအသင်းမှာ ဘန်လေအသင်းကို သရေကျခဲ့သဖြင့် နိုင်ပွဲဆက်နေသည့်စံချိန် ရပ်တန့်ခဲ့သလို မန်စီးတီးအသင်းမှာလည်း အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့သည်။ 


ကာဒစ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်အသင်းမှာ ပထမပိုင်းတွင် ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းတွင် ပုံစံကောင်းပြသကာ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆၆ မိနစ်တွင် အူဘာမီယန်းက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၈၃ မိနစ်တွင် လာကာဇက်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ကာဒစ်ဖ်အတွက် ချေပဂိုးကို ပွဲချိန်မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုတွင် မန်ဒက်ဇ်လိန်းက သွင်းယူခဲ့သည်။ 


မန်ယူအသင်းနှင့် ဘန်လေအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက ဘန်လေအသင်းကို နောက်ကျသွင်းဂိုးများကြောင့် တစ်ဖက် နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး နိုင်ပွဲဆက်စံချိန် ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက်ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဒုတိယပိုင်းတွင် ဘန်ဘေအသင်းက ဦးဆောင်ဂိုးတွေ ဆက်တိုက်ရရှိခဲ့သည်။  ဘန်လေအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၁ မိနစ်တွင် ဘားနက်စ်၊ ၈၁ မိနစ်တွင် ခရစ္စဝုဒ် တို့က သွင်းယူခဲ့သည်။ မန်ယူအသင်းမှာ ဦးဆောင်ဂိုးတွေ ခွင့်ပြုခဲ့ရသော်လည်း ပွဲချိန် ၈၇ မိနစ်တွင် ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ပေါ့ဘာက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။ မန်ယူအသင်းအတွက် အဖိုးတန်ချေပဂိုးကို ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုတွင် လက်ဒီလော့ဖ်က သွင်းယူနိုင်ခဲ့သဖြင့် မန်ယူအသင်း ရှုံးပွဲကြုံတွေ့ရမည့်အနေအထားမှ လွတ်မြောက်ခဲ့သည်။ 


အခြားပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနှင့် မန်စီးတီးအသင်းတို့၏ပွဲတွင် မန်စီးတီးအသင်းက နှစ်ဂိုး  တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 


ပရီမီယာလိဂ်ပွဲစဉ် (၂၄)ရလဒ်များ


အာဆင်နယ် ၂ - ၁ ကာဒစ်ဖ်
ဖူလ်ဟမ် ၄ - ၂ ဘရိုက်တန်
ဟတ်ဒါဖီးလ် ဝ - ၁ အဲဗာတန်
ဝုလ်ဗ် ၃ - ဝ ဝက်စ်ဟမ်း
မန်ယူ ၂ - ၂ ဘန်လေ
နယူးကာဆယ် ၂ - ၁ မန်စီးတီး


MDN