မနုမနော (ကော်ယော်) အမျိုးသားနေ့ အခမ်းအနား ဖရူဆိုမြို့၌ကျင်းပ

လွိုင်ကော် ၃ ဇန်နဝါရီ

 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၃)ရက်တွင် ကျရောက်သည့် မနုမနော(ကော်ယော်) အမျိုးသားနေ့ အခမ်းအနား အား ယနေ့နံနက်ပိုင်းက ဖရူဆိုမြို့၊ ညောင်ဇင်ရပ်ကွက်ရှိ ဗေသလနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ဧမာနွေလ ခန်းမဆောင်၌ ကျင်းပခဲ့သည်။

 

39

ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုခြင်း၊ မနုမနော (ကော်ယော်) အမျိုးသားအလံအား အလေးပြုခြင်းနှင့် အမျိုးသားသီချင်းသီဆိုခြင်း၊ (၇)ကြိမ် မြောက် မနုမနော (ကော်ယော်)အမျိုးသားနေ့ အခမ်းအနားအား ရိုးရာယဉ်ကျေးမှုအကဖြင့် ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

40

 

အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားပြီး မနုမနော (ကော်ယော်) စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးပကူးမှ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအား ဖတ်ကြားခြင်း၊ မနုမနော(ကော်ယော်) အမျိုးသား ဗဟိုကော်မတီ၏ သဝဏ်လွှာဖတ်ကြားခြင်း၊ မနုမနော(ကော်ယော်) အမျိုးသားနေ့တွင် ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားခြင်းများ ဆောင်ရွက်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရိုးရာ ယဉ်ကျေးမှုအက အဖွဲ့များ၊ ရိုးရာဗုံပလွေအဖွဲ့များနှင့် ဘင်ခရာအဖွဲ့ (၄)ဖွဲ့ တို့အား ဂုဏ်ပြု ဆုငွေကျပ်(၄)သိန်းအား ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

41

 

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မနုမနော (ကော်ယော်) တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

42

 

ကိုစိုင်း (လွိုင်ကော်)