မန္တလေးတွင် ငွေလကြယ်စင်အငြိမ့် ဂန္ထဝင်ပွဲတော်ကပြမှုအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

မန္တလေး ၁၅ ဇန်နဝါရီ 


မြန်မာ့ရှေးမူစင်စစ် အငြိမ့်သဘင်အနုပညာကို ပြန်လည်ဖော်ထုတ် ညွှန်းဆိုပေးလိုသောရည်ရွယ်ချက်ဖြင့် ငွေလကြယ်စင်အငြိမ့် ဂန္ထဝင်ပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့က မန္တလေးမြို့ ၆၉လမ်း၊ ၃၂လမ်းရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။


အခမ်းအနားမှူးအဖြစ် စာရေးဆရာသင့်နော်က ဆောင်ရွက်ပြီး စာရေးဆရာမ ဂျူး၊ မင်းသမီး ပန်တျာဌေးဌေးမြင့်၊ စာရေးဆရာ ဆူးငှက်နှင့် လူရွှင်တော် ဦးထင်ပေါ်တို့က ငွေလကြယ်စင်အငြိမ့် ဂဝင်ကပြမှုအစီအစဉ်နှင့် အငြိမ့်လောက အကြောင်းကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသူများထဲမှ ဆရာရွှေနောင်ရိုး၊ ဆရာစိုးသန်းဝင်းတို့က အကြံပြု ဆွေးနွေးခဲ့ပြီး အဆိုပါ ငွေလကြယ်စင်အငြိမ့် ကပြမှုကို ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ မန္ထလေး အမျိုးသားဇာတ်ရုံတွင် ကပြမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်သည်ဟုလည်း သိရသည်။


 ခင်ခင်ဝင်း(ပညာရေး)