မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

မန္တလေး အောက်တိုဘာ ၄

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ သက်ပြည့်အငြိမ်းစားယူခဲ့သော အသက် ၇၀ ကျော် ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး ကန်တော့ခံ အငြိမ်းစား ဆရာကြီး ဆရာမကြီး ၁၃ ဦးအား ဩကာဿ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။ အကြောင်းအမျိုးအမျိုးကြောင့် မတက်ရောက်နိုင်သည့် အငြိမ်းစား ဆရာကြီး ဆရာမကြီး ၁၈ ဦးအား အိမ်တိုင်ရာရောက် ကန်တော့ခံ ပစ္စည်းများ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

 

ပူဇော်ကန်တော့ပွဲသို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခ/ဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်ကြားစီမံ ဝန်ထမ်းများ စုစုပေါင်း ၃၀၀ တက်ရောက်ကြကြောင်း သိရသည်။

 

ရွှေတိုး

 

mdn