မန္တလေးတက္ကသိုလ် နိုင်ငံရေးလေ့လာမှုပညာ မဟာဘွဲ့စာမေးပွဲ ကျင်းပမည့်နေ့ရက်ကြေညာ

မန္တလေး   ၈  မေ

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးတက္ကသိုလ် (လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန)မှ ကြီးမှူး၍ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနတွင် ဖွင့်လှစ်သည့် နိုင်ငံရေးလေ့လာမှုပညာမဟာဘွဲ့ (Master of Political Studies) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) (ပထမပညာသင်ကာလ) စာမေးပွဲကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက် (ကြသပတေးနေ့) နံနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

အဆိုပါ နိုင်ငံရေးလေ့လာမှုပညာ မဟာဘွဲ့ (Master of Political Studies -MpoLS) အချိန်စာရင်းပါအတိုင်း ၂၀၁၈ ခုနှစ် မေ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ (စနေ၊ တနင်္ဂနွေမှအပ) နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီထိ မန္တလေးတက္ကသိုလ် အင်းဝဆောင် အခန်းအမှတ် (၂၅)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်မောင်(MU) မန္တလေးတက္ကသိုလ်