မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ရရှိသော တိုင်းကြားစာ ၈၀%ဟာ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီအတွက် ဖြစ်နေ

မန္တလေး  ၄ မတ်

မန္တလေးတိုင်းဒေသကြီးမှာ စားသုံးသူအခွင့်အရေး ရလိုမှုဖြင့် တိုင်ကြားမှုများတွင် တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီကို တိုင်ကြားမှုအများဆုံး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနက သိရသည်။ 

 

11

 

မန္တလေးတိုင်းအတွင်း  စားသုံးသုအခွင့်အရေးရလိုမှုဖြင့် တိုင်ကြားမှုပေါင်း ၁၀ဝ ကျော်ရှိပြီး ၈၀ကျော်မှာ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီကိုတိုင်ကြားမှုများဖြစ်သည်ဟု သိရသည်။ 

 

“အခုကျွန်မတို့ရုံးချုပ်နေပြည်တော်စားသုံးသူရေးဦးစီးဌာန ကနေပြီးတော့ တယ်လီနော ပြသနာတိုင်ကြားမှု့နဲ့ပက်သက်လို့ ကုမ္ပဏီကိုခေါ်ပြီးတော့ ညှိလိုက်တယ်။ ညှိလိုက်တဲ့အခါမှာ့ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်မှာရှိတဲ့ခရိုင် အလိုက်တိုင်ကြားထားတဲ့အမှု့တွေကို သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်ကိုပြန်ပြီးတော့လွှဲပေးလိုက်တယ်။ ညှိထားတဲ့အချက်တွေပေါ်မှာ ကျွန်မတို့ကပြန်ပြီးတော့ဆောင်ရွက်ပေးရမှာ “ဟု မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်မြင်စန်းကပြောပါတယ်။

 

မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှာ ပညာပေးမှုတွေကြောင့်စားသုံးသူတွေဟာ အသိပညာပိုမိုများလာပြီး ၂၀၁၉ခုနှစ်မှာတိုင်ကြားမှုတွေများလာကြောင်း သိရသိရသည်။ အဆိုပါ တိုင်ကြားမှုများတွင် ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကို ပိုမိုတိုင်ကြားမှုတွေများလာကြောင်း သိရသည်။ 

 

ဝန်ဆောင်မှုတွေထဲက ဆက်သွယ်ရေးပိုင်းကို တိုင်ကြားမှုတွေများလာခြင်း ဖြစ်ပြီးတယ်လီနောက တိုင်ကြားခံရမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။ 

 

"ဥပမာသူကဒီဟာကိုဆက်မသုံးချင်တော့ဘူးဆိုရင်တစ်သောင်းခွဲပြန်အမ်းမယ်။တစ်ချို့ကကျတော့လည်း တစ်နေ့ကို 10GB ရရင် ဆက်သုံးချင်တယ် တိုင်တဲ့သူတွေရဲ့ လိုလားချက်ကပြန်ပြီးတော့တောင်းလိုက်တယ်'' ဟု ဒေါ်ခင်မြင့်မြင်စန်းက ဆက်ပြီးရှင်းပြသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဏာနှစ်အတွင်း စားသုံးသူအခွင့်အရေး ရလိုမှုကြောင့် တိုင်ကြားမှု ၃၈ မှုရှိခဲ့သည်။ 

 

အိမို့မို့ခိုင်