မန္တလေးမြို့တွင် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေး ၁ ဇန်နဝါရီ

 

အောင်မြေသာစံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲကို ယနေ့ညနေပိုင်းက အောင်မြေမန္တလာ အားကစားခန်းမ၌ ကျင်းပရာ မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ သက်ကြီးတန်း ၆၁-၆၅ ကီလိုတန်း၊ ၅၇-၆၁ ကီလိုတန်း၊ ၄၀-၄၃ ကီလိုတန်း၊ ၄၄-၄၇ ကီလိုတန်းပြိုင်ပွဲများမှ ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုတံဆိပ်၊ ဆုငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 

တင်မောင်မန်းကိုယ်ပွား