မန္တလေး ၃ ဇန်နဝါရီ
မန္တလေးမြို့နယ်အတွင်းရှိ အင်းကြီးသုံးအင်းမှ လာရောက်ကျက်စားလျက်ရှိသော ဆောင်းခိုငှက်များအား ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်တမ်းကာက်ယူသွားမည်ဖြစ်ကြောင်း သားငှက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှထံမှ သိရသည် ။
စစ်တမ်းကောက်ယူရာတွင် မန္တလေးမြို့ ရှိ တောင်သမန်အင်း၊ ပလိပ်အင်းနှင့် တောင်အင်း၊ မြောက်အင်းတို့နှင့် တခြားသော အင်းများတွင်လည်း လာရောက်ကျက်စားနေထိုင်လျက် ရှိကြောင်း ကြောင်းသိရသည် ။
" မန္တလေးမြို့မှာ ဆောင်းခိုငှက် ကျက်စားတတ်တဲ့ အင်းတွေကို မန္တလေးတက္ကသိုလ်အပါအဝင် ပူးပေါင်းအဖွဲ့နဲ့သွားပြီး ဆောင်းခိုငှက်စစ်တမ်း ကောက်သွားမယ်။ ဒီနှစ်စစ်တမ်း ကောက်တဲ့ခရီးစဉ်မှာတော့ ဆောင်း ခိုငှက်မျိုးစိတ်အသစ်တွေကို ထပ်ပြီးတွေ့ရနိုင်ပါတယ် " ဟု ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။
ယခုလက်ရှိတွင် ရုရှားနိုင်ငံဘက်မှ ဆောင်းခိုငှက်များ မြန်မာနိုင်ငံ အတွင်းရှိ အင်း၊ အိုင်၊ ချောင်းများ အတွင်းသို့ သုံးလကျော်၊ လေးလခန့် လာရောက်ကျက်စား နေထိုင်လျက်ရှိကြောင်း သိရသည် ။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ဆောင်းခိုငှက် ဝင်ရောက်ရာနေရာ ၁၅ခုခန့်ရှိနေပြီး မြန်မာနိုင်ငံ သည်ဆောင်းခိုငှက် များဖြတ်သန်းရာ လမ်းကြောင်းနှစ်ခုပေါ်တွင် ရှိနေသည်။
မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်ရာရာသီသည် နိုဝင်ဘာလ မှ ခုနှစ်မတ်လ ဒုတိယအပတ်ထိဖြစ်သည်။
သူရိန်လင်း
Photo - WCS