မန္တလေး   မတ်   ၁၈

 

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် ၅၃ လမ်းနှင့် ၁၁၇ လမ်းထောင့်ရှိ မနောကြာဖြူ ပရဟိတအသင်းနှင့် စေတနာရှင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် မြရည်နန္ဒာ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅၁၁ စုအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို မတ်၁၇ ရက် ညနေပိုင်းက အဆိုပါအသင်းရုံးတွင် ကျင်းပခဲ့သည်။

 

စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်၊ ကြက်ဥ ၅ လုံး၊ ဆီ ၅၀ ကျပ်သား၊ ခရမ်းသီး တစ်ပိဿာတို့ကို မနောကြာဖြူပရဟိတအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ စေတနာအလှူရှင်များက ထောက်ပံ့လှူဒါန်းခဲ့ကြသည်။ စားသောက်ကုန်များထောက်ပံ့လှူဒါန်းမှုတွင် မန္တလေးမြို့ရှိ စေတနာရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး မနေကြာဖြူအသင်းသို့ ဆက်သွယ် လှူဒါန်းလိုပါက ဖုန်း-၀၉၂၀၀၆၄၂၃၊ ၀၉၇၅၂၃၄၈၃၆၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

                 

ကိုကိုကြီး(မန္တလေး)