မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၂၀၉/ ဝ- ၂၀၉/၁ ကြားတွင် မော်တော်ယာဉ်တစ်စီး ဘူးကွဲချောင်းထဲသို့ ထိုးကျမှုဖြစ်ပွား

နေပြည်တော်  ၈ ဇူလိုင်


မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၂၀၉/ ဝ- ၂၀၉/၁ ကြားတွင် ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က Toyota Hilux Vigo မော်တော်ယာဉ်တစ်စီး ဘူးကွဲချောင်းတံတား ဝဲဘက်လက်ရန်းအား ဝင်တိုက်ပြီး ဘူးကွဲချောင်းထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဦးသာသဏ သက်တော်(၅၀) ဝါတော်(၃၀) ပေါထော် ကျောင်းထိုင်ဆရာတော် ပေါထော်ကျေးရွာ ဘားအံမြို့နယ်နေသူ မောင်းနှင်လာသည့် YGN 6K----- Toyota Hilux Vigo ခဲရောင်(လိုင်စင်ရှိ) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဘူးကွဲချောင်းတံတား ဝဲဘက်လက်ရန်းအား ဝင်တိုက်ပြီး ဘူးကွဲ ချောင်းထဲသို့ထိုးကျသဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးအနက် မနန်းရီဝင်းခိုင် (၂၃ နှစ်) ရန်ကုန်မြို့နေသူသည် နဖူးဖူးရောင် ယာဘက်ပေါင်လယ်ကျိုး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကျော်ကျော် (မလှိုင်)

 

1