မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA တွင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ သတင်းရယူကြမည့် ပြည်တွင်း၊ ပြည်ပ မီဒီယာများ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်

နေပြည်တော် ၆ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါအခမ်းအနားသို့ တက်ရောက်သတင်းရယူလိုသော ပြည်တွင်း သတင်းမီဒီယာများ အနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ ဖုန်း ဝ၁-၅၄၄၅၈၂၊ ဝ၁-၅၄၄၅၂၇၊ အီးမေးလ် [email protected] သို့လည်းကောင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖုန်း ဝ၆၇-၄၁၂၁၂၅၊ ဝ၆၇-၄၁၂၁၂၆၊ အီးမေးလ် [email protected] သို့လည်းကောင်း စာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသွင်းမှုကို ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၄ နာရီအထိ လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MDN