မြန်မာတစ်ပြည်လုံးရှိ စာစစ်ဌာနများတွင် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ယနေ့စတင်ဖြေဆို

နေပြည်တော် ၇ မတ်

 

မြန်မာတစ်ပြည်လုံးရှိ စာစစ်ဌာနများတွင် ၂၁၀၇ -၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို  မတ် ၇ ရက် ယနေ့တွင် စတင်ဖြေဆိုကြပြီ ဖြစ်သည်။

 

ယခုနှစ်တွင် မြန်မာတစ်ပြည်လုံး၌  တက္ကသိုလ်ဝင် စာမေးပွဲ   ကျောင်းတွင်း ဖြေဆိုသူ (၅၁၈၀ဝ၆) ဦးနှင့် ကျောင်းပြင်ပ ဖြေဆိုသူ (၃၂၆၂၃၁) ဦး စုစုပေါင်း (၈၄၄၂၃၇)  ဦးရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

 

ထို့အပြင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးရုံစာဖြေဌာန လေးခုကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးတို့၌   စီစဉ်ထားရှိကြောင်း သိရသည်။

 

အလားတူ ပြစ်ဒဏ်ကျခံ နေရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်းစိန် ဗဟိုအကျဉ်းထောင်နှင့် မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) တို့တွင် စာစစ်ဌာနများ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။  

 

မြတ်ဖုန်းဦး (နေပြည်တော်)