မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဦးပြည့်စုံနှင့် ရုပ်ရှင်စကားဝိုင်း (ဒုတိယပိုင်း)

ယမန်နေ့မှအဆက်

ဦးပြည့်စုံ ။ ။ ကင်မရာသုံးလုံးနဲ့ ရိုက် တဲ့ နပိုလီယံ ဆိုတဲ့ကားက အဲ့ဒီဒါရိုက်တာကြီးက ထွင်တာ သုံးလုံးနဲ့ရိုက်၊ သုံးလုံးနဲ့ပြတာ။ သူသေခါနီးကျမှ ဆီးဘတ်တို့က အဲဒါကြီးကို ပြန်ပြတာ နယူးယောက်မှာ။

ကြည်စိုးထွန်း ။ ။ မြင်ကွင်းကျယ်ကြီးပေါ့။

ဦးပြည့်စုံ ။ ။ မြင်ကွင်း ကျယ်ပဲ။ သုံးလုံးနဲ့ရိုက်၊ သုံးလုံးနဲ့ ပြတာ။ Panorama က ပိုဆိုးတာပေါ့။ ရုရှားက ရိုက်တာ စုံတာပေါ့။ ထွင်တာပဲ ရှိတာလေ ဘယ်တူမလဲ။

ကြည်စိုးထွန်း ။ ။ အဖြူအမည်းခေတ်က နေပြီတော့ ဆေးရောင်စုံ ရောက်လာတယ်။ ဆေးရောင်စုံခေတ်မှာ ကြည့်ကောင်းတဲ့ ဆေးရောင်စုံကနေပြီးတော့ သဘာဝကျတဲ့ ဆေးရောင်စုံကို ပြောင်းလာတယ်။ အဆင့်ဆင့်ပေါ့နော်။ ဒီလို ပြောင်းပြောင်း လာကြတာ။

7+

ဦးပြည့်စုံ ။ ။ စက်မှုအတတ်ပညာ ကတော့ ပြောင်းမှာပဲပေါ့ဗျာ။ အခုပဲ တီဗွီကြည့်ဖို့ မလိုတော့ဘူး။ ဒစ်ဂျစ်တယ်မှာကို မြင်နေရပြီ။ ဒါပေမယ့် ဦးညီပု ပြောသလိုပဲ ဦးပြည့်စုံတဲ့၊ ရုပ်ရှင်က ဘယ်တော့မှ မတိမ်ကောဘူးတဲ့။ ရုပ်ရှင်ရှိဦးမှာပဲတဲ့။ ရုပ်ရှင်က ရုပ်ရှင်ပဲတဲ့။ ဖလင်နဲ့မရိုက်ဘဲနဲ့ စက္ကူနဲ့ ရိုက်ရိုက်၊ အဝတ်နဲ့ရိုက်ရိုက် ဒါရုပ်ရှင်ကတော့ ရုပ်ရှင်ပဲတဲ့။

ကြည်စိုးထွန်း ။ ။ ရုပ်ရှင်ဆိုတော့ ခံစားမှုပဲဆရာ။ ဆရာလည်းငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်တယ်ဆိုတာ ခံစားပြီးတော့ ကြည့်ခဲ့တာကိုး။ ဒီခေတ် ပရိသတ်ကြည့်တယ်ဆိုတာလည်း ခံစားမှုနဲ့ ကြည့်ကြတာကိုးနော်။ ကျွန်တော်တို့ နောက်ကျတယ်၊ ပြောင်းလဲတယ်၊ ကမ္ဘာစစ်ကြောင့် ဆိုတာလည်း မှန်ပါတယ်ဆရာ။

ကြည်စိုးထွန်း ။ ။ တစ်ပိုင်းကို ပြန်စဉ်းစားလိုက်ရင် ကျွန်တော်တို့က ၁၉၄၈ မှာ လွတ်လပ်ရေး ရတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ရုပ်ရှင်က ပြောင်းလာတယ်။ ကိုရီးယားဟာ ၁၉၅၀ ကျော်မှ သူစနိုင်ပေမယ့် ဒီနေ့ ကိုရီးယားဟာ နိုင်ငံတော်တော် များများမှာ သူ့ကားတွေက လွှမ်းမိုးလာတာပေါ့ ဆရာ။ အဲဒီတော့ ဒါကိုတော့ ကျွန်တော်တို့က ကြည့်ရလိမ့်မယ် ထင်တယ်ဆရာ။ သူတို့ရဲ့ ပရိသတ်ရဲ့ အားပေးမှု၊ ရုပ်ရှင်သမားတွေ ကိုယ်တိုင်ရဲ့ ကြိုးစားမှု၊ ကျောင်းတွေ ဖွင့်နိုင်ဖို့ပေါ့ ဆရာရယ်။ ရုပ်ရှင်ကျောင်း တွေ ဆိုရင်လည်း ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ရုပ်ရှင်ခြံကြီးတွေဆိုရင်လည်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နယ်စပ်ကို တောင်မှ ဆက်တင်ထောင်ပြီး ရိုက်နိုင်တာပေါ့။ အဲဒါမျိုးတွေထိအောင် သူတို့က အားပေးမှုနဲ့ လုပ်ထားတဲ့အခါ ကျွန်တော်တို့က အားကျတာပေါ့။ အဲဒီလို လုပ်နိုင်လို့လည်း ကိုရီးယားရဲ့ ယဉ်ကျေးမှုက နိုင်ငံတကာကို လွှမ်းမိုးနေတာပေါ့ဆရာ။ ဇာတ်လမ်း ထဲမှာ ပါပါနေတဲ့ ဆိုဂျူးသောက် တယ်။ ဆိုဂျူးသောက်တယ်နဲ့ တောအရက်ပဲ ဆရာရဲ့။ အဲဒီတော့ ဆိုပါဦးဆရာ။ ကျွန်တော်တို့ အသံတိတ်ခေတ်ကိုပဲ ပြန်ပြီးတော့ ကောက်ကြပါစို့။ ဆရာပြောတာတွေ ကျွန်တော်တို့ အများကြီး ဗဟုသုတရပါတယ်။ ဆရာခန့်တို့ အကြောင်းတွေ ဘာတွေ ကြားရတာလည်း ကောင်းပါတယ်။ ခုနက ရဲသုံးဖော်တို့လို၊ ငွေသောင်ယံတို့လို ကားမျိုး တွေ အကြောင်းကြားရတာလည်း မသိပါဘူး ဆရာ။ ကျွန်တော်အမှန်ပြောရရင် အဲ့ဒီကားတွေကို ကျွန်တော်မသိပါဘူး။

7++

ဦးပြည့်စုံ ။ ။ ဆရာ ဦးကြည်စိုးထွန်းနဲ့ ကျွန်တော်တွေ့ရတာ ဝမ်းသာတာက ကျွန်တော်တို့ Movie တွေ မရှိပေမယ့် Still တွေ ရှိသေးတယ်။ အဲ့ဒါတွေကိုပဲ ကျွန်တော်တို့ ပြန်ကောက်ရင် သမိုင်းက ပေါ်လာမှာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ကြိုးစားပါ့မယ်။

ဦးပြည့်စုံ ။ ။ အဲဒါတော့ ဆရာလုပ်ပါ။

4+

ကြည်စိုးထွန်း ။ ။ ရုပ်ရှင်ရိုက်တော့ ဆရာငယ်ငယ်တုန်းကနှစ်ခြိုက်ခဲ့တဲ့ အရာလေးတွေ ပြောပါဦးဆရာ။

ဦးပြည့်စုံ ။ ။ ငယ်စဉ်ဘဝကတော့ ကျွန်တော်တို့ အိမ်မှာရုပ်ရှင်ပြတမ်း ကစားနေတာပဲ။ ဖလင်မရှိတော့ ကျွန်တော်တို့က အရုပ်ကလေးတွေ ညှပ်ပြီး ပုလင်းကလေးတွေနဲ့ လုပ်နေတာ။ ကျွန်တော် ရိုက်ထားပါတယ်။ ညတိုက်ပွဲ။ အဲဒါ ရိုက်တုန်းက ကင်မရာငှားတဲ့ ထွန်းမြင့်တောင် ကျွန်တော့်ကြည့်ပြီး ခင်ဗျားဘာတွေ ရိုက်နေတာလဲ မေးတယ်။ ဒီလိုပဲပေါ့ဗျာ။ ကိုယ်ဝါသနာ ပါတာ လျှောက်လုပ်နေတာပဲ လို့။ နောက်ဖြစ်သွားတော့မှ သူက အံ့ဩသွားတယ်။

ကြည်စိုးထွန်း ။ ။ ရုပ်ရှင်လောကကို စတာကိုက ကျွန်တော်တို့က ငွေရေးကြေးရေးနဲ့စတာမှ မဟုတ်တာကိုး ဝါသနာပေါ့ဆရာ။ အခုကျွန်တော်တို့ ရုပ်ရှင်အကြောင်းကို ဆက်ရမယ်ဆိုရင် ကျွန်တော်တို့ မမီလိုက်တဲ့ ရုံတွေရှိပါတယ်ဆရာ။ ကျွန်တော်က အခုကလေးတွေထက် စာရင်နည်းနည်းစောတော့ ဟိုဘက်က ရွိုင်ရယ်တို့ တော်ဝင်ပေါ့၊ ကာလ်တန်နဲ့ ရွိုင်ရယ် ပေါ့နော် ဆရာ။ နှစ်ရုံတွဲလေးလေ။ အဲဒါတွေ ဆို ကျွန်တော်တို့ သိခဲ့သေးတာပေါ့နော် ဆရာ။ ဆရာအခု ပန်းဆိုးတန်းဆိုပါတော့ ဆရာ၊ ပန်းဆိုးတန်းဆို ကျွန်တော်တို့ ရုပ်ရှင် ထဲ ဝင်ခါစတုန်းက ရုံအဟောင်းကြီး တစ်ခု ဆရာ။

ဦးပြည့်စုံ ။ ။ ဘမြင့် တေးသံသွင်း လုပ်ထားတယ်လေ။ အဲဒါက သွင်ရုံမီးလောင်သွားတော့ ဗြိတိသျှ ဘားမားကကားတွေ အဲဒီမှာ ပြရတယ်။ အဲ့ဒီရုံက သေးသေးလေးရယ်၊ အာသောက ရုံပေါ့။

ကြည်စိုးထွန်း ။ ။ မဟုတ်ဘူးဆရာ။ အဲဒီရဲ့ မျက်နှာချင်းဆိုင်ပေါ့။

ဦးပြည့်စုံ ။ ။ နောက်ဟိုးဘက်ထိပ် ဂရင်းဟိုတယ် ဘေးနားမှာ ကျွန်တော်ကတော့ ဂန္ဓီကားသွား ကြည့်ဖူးတယ်။ ဂန္ဓီလေ သူ့ရဲ့ Shot တွေကို စုပြီးတော့ ရိုက်ပြတာ။

ကြည်စိုးထွန်း ။ ။ ဆရာ ဒါရိုက်တာတွေ ထဲက ဆရာခန့်တို့အပိုင်းရယ်၊ ဦးဉာဏတို့ အပိုင်းပြီးရင် ထူးခြားတဲ့ ဒါရိုက်တာတွေ ဘယ်သူရှိသေးလဲ ဆရာ။

ဦးပြည့်စုံ ။ ။ ဒါရိုက်တာထဲက သူ့ ဟာနဲ့ သူပေါ့ဗျာ ဒါရိုက်တာ ဆရာမြင့်ဆိုရင် ရှမ်းနဲ့ပတ်သက်ရင်သူက စပယ်ရှယ်ကိုး။

6+

ကြည်စိုးထွန်း ။ ။ ဘာကြောင့်လဲ ဆရာ။

ဦးပြည့်စုံ ။ ။ သူ့မိန်းမက ရှမ်းထင်တယ်။

ကြည်စိုးထွန်း ။ ။ ဆရာမြင့်က တိုင်းရင်း သား ချစ်ကြည်ရေးကားတွေ ရိုက်တာပေါ့။

ဦးပြည့်စုံ ။ ။ မြင့်မောင်တို့ လိုပေါ့။ ဟိုတုန်းက အဲဒီလိုပေါ့။ ကျွန်တော်တို့လို တွေ့တာရိုက်တာ မဟုတ်ဘူး။ သူ့ဟာနဲ့သူပဲ။

ကြည်စိုးထွန်း ။ ။ ဦးလွန်းဖေ ဆိုရင် လည်း သမိုင်းကားလေးတွေ Camera Tricks နဲ့ ရိုက်တယ်။

ဦးပြည့်စုံ ။ ။ ဦးချန်ထွန်းဆို ဦးချန် ထွန်း တကယ်ကောင်းတာ။

ကြည်စိုးထွန်း ။ ။ ဦးချန်ထွန်းက သူဇာတို့ ဘာတို့။

ဦးပြည့်စုံ ။ ။ ဦးချန်ထွန်းက တကယ် တော်တဲ့သူပဲ။

ကြည်စိုးထွန်း ။ ။ သူက ဦးညွန့်ရဲ့သား နော်။ ဦးချန်ထွန်း ကားတွေလည်း ကြည့်ဖူးတယ် ဆရာ။

ဦးပြည့်စုံ ။ ။ ဦးချန်ထွန်းက နောက် ဆုံး ရိုက်သွားတာ ချစ်၍ခေါ်ရာတို့ဘာတို့ မျိုးမြင့်နဲ့၊ ထိပ်တင်ထွေးနဲ့၊ သိန်းဖေမြင့်ရေးတဲ့ ဇာတ်ပဲ၊ ခင်မြရင်နဲ့။

ကြည်စိုးထွန်း ။ ။ သူကတော့ ဒရမ်မာပေါ့ နော် ဆရာ။

ဦးပြည့်စုံ ။ ။ ဒရမ်မာပဲ။

ကြည်စိုးထွန်း ။ ။ ဆရာ ဘာတွေများ မှတ်မိသေးလဲ ဆရာ အဲဒီက။

ဦးပြည့်စုံ ။ ။ သူပုန့်သွေး ဆို ဆရာစံ ကားလေ။ တော်တော်ကောင်းတယ်ဆရာ ‘‘ရွှေဒုံးဘီ အောင် ရေးတာပဲ တင်ဆွေနဲ့။ သူပုန်သားက ဦးအောင်မြတ် ရိုက်တာ တင်ဆွေနဲ့။ သူပုန့် သွေးတို့ မိုက်ခဲတို့ ဆိုတာ ကောင်းပါတယ်။ ညလူတို့ ဘာတို့ ဆိုတာ။

ကြည်စိုးထွန်း ။ ။ အဲဒါ ဗြိတိသျှဘားမား ကားတွေပေါ့။

ဦးပြည့်စုံ ။ ။ ဗြိတိသျှဘားမား။

ကြည်စိုးထွန်း ။ ။ ဆရာ အဲဒီတော့ အေဝမ်းဘက်ကရော ဘာတွေရှိမလဲ။

ဦးပြည့်စုံ ။ ။ အေဝမ်းဘက်က ဆိုလို့ ရှိရင် စိမ်းရွှေရွှေ တို့ ချစ်မဟာတို့ ဘာတို့။

ကြည်စိုးထွန်း ။ ။ တော်တော် စုံတာပဲ နော်ဆရာ။

 

5+

ဦးပြည့်စုံ ။ ။ အေဝမ်း ကလည်း တော်တော် ထွက်တာပဲ။ ဒါပေမယ့် သူကနည်းတယ်လေ။ သူတို့က မိသားစုဆိုတော့ နှိုက်သုံးတွေ များတာကိုး။

ကြည်စိုးထွန်း ။ ။ ဒါပေမယ့် အပြင်က ဒါရိုက်တာတွေရော မခေါ်ဘူးလား ဆရာ။

ဦးပြည့်စုံ ။ ။ သူတို့က သူတို့အမျိုးထဲ က ပဲ ပြန်ထွက်နေတာပဲ။ သူများလူ မတိုးနိုင်ဘူး။ ဇာတ်ညွှန်း သာ အပြင်လူခေါ်ရတာ။ ဇာတ်ညွှန်းကျတော့ သူတို့မရတော့ဘူး။

ကြည်စိုးထွန်း ။ ။ ဆရာ ဦးသုခက အေဝမ်းကို အရင် ရောက်တာလား။ ဗြိတိသျှဘားမားလား။

ဦးပြည့်စုံ ။ ။ သူက ဒဂုံမဂ္ဂဇင်းမှာရေး နေရာကနေပြီးတော့ သူ့ကိုခေါ်လိုက်တာ။

ကြည်စိုးထွန်း ။ ။ ဪ အေဝမ်းကို ရောက်သွားတာ။

ဦးပြည့်စုံ ။ ။ ဦးတင်မောင်က ကြိုက် လို့ ခေါ်လိုက်တာ။ ဆရာ ဦးသုခက Genius ပဲ အင်မတန် တော်တာ။

ကြည်စိုးထွန်း ။ ။ ဟိုးအတိတ်ကိုပေါ့။ အသံတိတ်ခေတ်ကို သွားလိုက်ကြတာ။ ဆရာလည်း ကျင်လည်ခဲ့တာတွေက များတယ်။ ကျွန်တော်လည်း နားထောင်ချင်တာ သိချင်တာတွေကများ ဆိုတော့ ပြောတာတွေလည်း တော်တော် လေး စုံသွားပါပြီဆရာ။ အဲ ဆရာနဲ့ကျွန်တော် ထပ်တွေ့ချင်ပါသေးတယ်။ ဘာလို့ဆိုတော့ ဆရာ့ဆီမှာလည်း အများကြီးကျန်သေး တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါတွေကို ကျွန်တော် ထပ်ယူချင်တာကလည်း ထပ်ပြီးတော့ တခြားသူတွေသိအောင် ကျွန်တော်က ပေးချင်တဲ့အတွက် ဆရာနဲ့တွေ့ချင်တာပါ။ ကျွန်တော်တွေ့စရာ တခြားသူတွေကလည်း အများကြီးရှိပါသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းလေး အဆုံးသတ်တဲ့ အနေနဲ့ဆရာ ဒီနေ့ဖြစ်နေတဲ့ မြန်မာ့ရုပ်ရှင်လောကနဲ့ မျိုးဆက်သစ် လူငယ်တွေ ကို ဘာများ မှာချင်ပါသေးလဲ ဆရာ။ အဲဒါလေးမှာပြီးတော့ ကျွန်တော်တို့ စကားဝိုင်းလေးကို အဆုံးသတ် လိုက်ကြရအောင်။

ဦးပြည့်စုံ ။ ။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် တိုးတက်အောင် အစိုးရကလည်း လိုလားတာပဲ။ ပြည်သူ ပြည်သားတွေကလည်း လိုလားတာပဲ။ ပညာသည်တွေကလည်း လိုလားတာပဲ။ ကျွန်တော်က ဇာတ်ညွှန်းရေးဆရာ ဖြစ်နေလို့ ပြောတယ်လို့ ဖြစ်နေမှာစိုးလို့။ အဓိကက ဇာတ်လမ်း ဇာတ်ညွှန်းပဲဗျ။ ခင်ဗျားဟာ ခင်ဗျား ဆေးရောင်စုံမကလို့ Cinemascope ကြီးပဲ ရိုက်ရိုက်၊ ဘာရိုက်ရိုက် ဇာတ်လမ်း ဇာတ်ညွှန်း မကောင်းရင် မရဘူး။ အဲတော့ ဇာတ်လမ်းဇာတ်ညွှန်းကိုသာ Direct လုပ်ပါ။ ဒါကို မရိုက်ခင် Paperwork ကျွန်တော်က Paperwork ဆိုတာကို ခဏခဏပြောတဲ့ အတွက်ကြောင့် ကိုဝင်းဦး ကတောင် ကျွန်တော့်ကို နောက်နေတယ်။ ကိုယ့်လူ Paperwork ပြီးပြီလားပြော။ သူဆိုရင် အလွတ်ရိုက်တဲ့ အတွက်ကြောင့် Scene ကြီးကို ဘယ်ထည့်ရမှန်းမသိလို့ ရိုက်ပြီး လွှင့်ပစ်ရတာတွေ အများကြီး။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် ဆရာ။ ဒါက ဇာတ်လမ်း ဇာတ်ညွှန်းအနေနဲ့ဆိုရင် ဥပမာနာမည်ကြီးတဲ့ သည်းထိတ်ရင်ဖို ဒါရိုက်တာကြီး ဟစ်ချကော့ကဆိုရင် ဇာတ်ကားတစ်ကားကောင်းဖို့ တစ် ဇာတ်လမ်းဇာတ်ညွှန်း အရေးကြီးပါတယ်တဲ့။ နှစ် ဇာတ်လမ်းဇာတ်ညွှန်း အရေးကြီးပါတယ်တဲ့။ သုံးကလည်း ဒါပဲ။ အဲဒီတော့ တကယ့်ကို ကမ္ဘာကျော် ဒါရိုက်တာကြီးကလည်း ဒီလိုထောက်ခံထားတယ်။ ကျွန်တော်တို့ ဒီနေ့လက်တွေ့အနေနဲ့လည်း ကြည့်လိုက်ရင် ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေ ဘာလို့ ကြိုက်ကြလဲ။ ဘာလို့ ကြိုက်နေတာလဲဆိုတော့ ဇာတ်လမ်းကောင်းလို့ ဆရာရဲ့။ ဒီဇာတ်လမ်း သိပ်အရေးကြီးတယ်။ မှန်ပါတယ်။ ဆရာပြောတာကို ကျွန်တော် လက်ခံပါတယ်။ ဆရာထပ်ပြီးတော့ လမ်းညွှန်စရာရှိရင် လမ်းညွှန်ပါဦး။ ပြောပါ ဆရာ။

ဦးပြည့်စုံ ။ ။ ကျွန်တော်က ခုနက ပြောသလို ဗြဟ္မာကြီး ခေါင်းကျွန်တော်ရွက်ထားရသလို ဝါသနာ အိုးကြီးကို ခင်ဗျားဆီကို ပို့ချင်တယ်။

ကြည်စိုးထွန်း ။ ။ ကျွန်တော် နိုင်သလောက် ယူပါ့မယ်ဆရာ။ ဒီဗဟုသုတတွေကိုလည်း ကျွန်တော် မြတ်နိုးပါတယ်။

ဦးပြည့်စုံ ။ ။ ကျွန်တော်တို့က လက် ဆင့်ကမ်းရမှာ ဆရာကနေတစ်ဆင့်ကို ကြည်စိုးထွန်း နောက်တစ် ယောက် လာလိမ့်မပေါ့။

ကြည်စိုးထွန်း ။ ။ မဟုတ်ဘူး ဆရာ။ ကျွန်တော့်ကျတော့ ကျွန်တော်ကလည်တယ် ဆရာ။ ဒီက ကျွန်တော့်ကို လမ်းလေးဖွင့်ပေးထားတော့ ဒီလမ်းကနေပြီးတော့ လက်ဆင့်ကမ်းရမှာပါ။

ဦးပြည့်စုံ ။ ။ လုပ်ပါ ဆရာရဲ့ ကျွန်တော်ကလည်း သိပ်ပေးချင်တယ်လေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ပါ ဆရာ။

ဦးပြည့်စုံ ။ ။ သိပ်ပေးချင်တယ်ဆို ကိုယ်လိုပဲ Crazy ဖြစ်တဲ့သူ လိုက်ရှာနေတာ။ ကြည်စိုးထွန်း တွေ့ပြီပေါ့။

ကြည်စိုးထွန်း ။ ။ အမွေခံပေါ့ ဆရာ။ ကျွန်တော်ကလည်း ဆရာတို့ဆီက သိခဲ့တာတွေ သိရတာတွေ ရှိသမျှ ဗဟုသုတတွေ ကျွန်တော်ဖြန့်ဝေပေးတဲ့ သဘောပါပဲဆရာ။ ကျွန်တော်တို့ အခုကတော့ အသံတိတ်ခေတ်မှာတော့ တော်တော်လေး စုံခဲ့ပါပြီ။ နောက်ကျွန်တော် တို့ အသံထွက်လာတဲ့ခေတ်ကျရင် ဆရာနဲ့ ကျွန်တော်တို့ ထပ်စကားပြောကြပါဦးမယ် ဆရာ။

ဦးပြည့်စုံ ။ ။ အသံထွက်ကျတော့လည်း အသံထွက် အလျောက်ပေါ့လေ။

ကြည်စိုးထွန်း ။ ။ ပျော်ပျော်ပါးပါးနဲ့ တွေ့ဆုံကြပါဦးလို့နှုတ်ဆက်ရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

 

ဦးပြည့်စုံ ။ ။ ဪ ကျေးဇူးပါပဲ ဆရာရယ်။