မြန်မာ့ရိုးရာသိုင်းပညာ (အဆင့်မြင့်) သင်တန်း အမှတ်စဉ်(၁) ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၅

 

ပညာသင်ယူနေကြသည့် တိုင်းရင်းသား လူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ စသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ဖြစ်လာစေရန်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာသိုင်းပညာ (အဆင့်မြင့်) သင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပရာ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 

ဖွင့်ပွဲသို့ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သင်တန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ  ရက်သတ္တ ၅ ပတ်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်