မြန်မာရေးရာအမှတ်-၆ စာအုပ် ထွက်ရှိ

၂၇ ဒီဇင်ဘာ

မြန်မာရေးရာလေ့လာရေးအဖွဲ့ (Center for Myanmar Affairs Studies) က ထုတ်ဝေသော မြန်မာရေးရာအမှတ်-၆ (၂၀၁၈၊ ဇန်နဝါရီ) ထွက်ရှိလာသည်။

အမှတ်-၆ စာစောင်တွင် တရုတ်မြန်မာဆက်ဆံရေးအခင်းအကျင်း “တရုတ်နဂါးနှင့် ကမ္ဘာပြားခေတ် အလွန်” အထူးကဏ္ဍ ပါဝင်သည်။ အထူးကဏ္ဍတွင် တရုတ်အိပ်မက်နှင့် လစ်ဘရယ်ကွန်ရက်၊ တရုတ်ပြည် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံပုံရိပ်များ၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီးနှင့် တရုတ်-မြန်မာဆက်ဆံရေး၊ တရုတ်မြန်မာစီးပွားရေး မြန်မာ့အမြင်၊ အဂတိတိုက်ဖျက်မှု၊ ရှီအတွေးအခေါ် ပုံဖော်မှုနှင့် တရုတ်ဖွံ့ဖြိုးရေးမော်ဒယ် စသည့်ဆောင်းပါးများ ပါရှိသည်။

ဒေါက်တာအောင်ကြီး၊ မုံရွာအောင်ရှင်၊ ဒေါက်တာမြင့်ဆန်း၊ ဒေါက်တာချောချောစိန်၊ အေးမောင်ကျော်၊ မောင်ဇေယျာ၊ မော်လင်း၊ မောင်မောင်လှမြင့်၊ ကိုဝ၊ နိုင်ထိုက်၊ တင်စိုးမင်း၊ ဝင့်ထန်း၊ ဇေယျသူ၊ ယမင်းမြတ်အေး၊ ကျော်ဇေယျ၊ ဗိုလ်မှူးဘရှင်၊ မောင်ထင်တို့၏ ဆောင်းပါးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အင်တာဗျူး၊ အငြိမ်းစားသတ္တုတွင်းပညာရှင် ဦးထွန်းထွန်းနှင့် အင်တာဗျူးတို့ ပါဝင်သည်။

မြန်မာရေးရာလေ့လာရေးအဖွဲ့က မြန်မာရေးရာကို သုံးလတစ်ကြိမ် ပုံမှန်ထုတ်ဝေလျက်ရှိပြီး နယ်ကိုယ်စားလှယ်များ၊ စာအုပ်ဆိုင်များနှင့် တစ်ဦးချင်းမှာယူလိုသူများအတွက် မြန်မာရေးရာအမှတ်-၆ ကို ဓူဝံစာပေ၊ အမှတ် ၂၁၂၊ ၃၁ လမ်း(အထက်ဘလောက်)၊ ပန်းပဲတန်းမြို့နယ်သို့ မှာယူနိုင်ပြီး နယ်မှ တစ်ဦးချင်းမှာယူလိုသူများအတွက် စာတိုက်မ ှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များ အတွက် နေ့ချင်းအရောက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်ဆက်သွယ်လိုသူများအနေဖြင့် မြန်မာရေးရာ လေ့လာရေးအဖွဲ့ ဖုန်း - ဝ၁ ၃၈၇၅၆၈

ဓူဝံစာပေ ဖုန်း - ဝ၁ ၃၈၅၅၉၇၊ ဝ၉ ၇၃၂၀၃၀၃၂၊နှင့် Email ; [email protected] တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

MDN